လူတွေသွားလာရန်တားမြစ်ထားသောမြွေကျွန်း
ကြောက်မက်ဖွယ် ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေပေါင်း (၄) ထောင်နီးနီးရှိတဲ့ မြွေကျွန်း
မြွေကျွန်းဟာ နိုင်ငံခြားသားတွေအတွက် သွားလာချင်စရာကောင်းတဲ့ နေရာမဟုတ်ပါဘူး။ ကျွန်းဟာ ဆောင်းပိုလိုအနီး ဘရာဇီးကမ်းရိုးတန်းရဲ့ (၃၃) ကီလိုမီတာ အကွာမှာတည်ရှိပါတယ်။ ၄င်းကျွန်းက အန ္တရာယ်များလွန်းတဲ့အတွက် လူသားတွေကို မသွားရောက်ဖို့ တားမြစ်ထားပါတယ်။ ကျွန်းဟာ နာမည်အတိုင်းပဲ တစ်ကျွန်းလုံးမှာ မြွေတွေနဲ့ ပြည့်နှက်နေတာပါ။ မြွေဆိုးတွေ ပေါတဲ့အပြင် ထိမိလိုက်တာနဲ့ အသားကိုပါ လောင်စေနိုင်တဲ့ အဆိပ်ရှိတဲ့ golden lancehead မြွေပွေးတွေလည်း ရှိပါသေးတယ်
၄င်းကျွန်းမှာ မြွေကောင်ရေ(၄) ထောင်နီးနီးရှိပြီး မြွေတွေဟာ ကျွန်းပေါ်မှာရှိတဲ့ ငှက်တွေကို အစာအဖြစ် ဖမ်းယူစားသောက်ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ နှစ်စဉ်နှစ်တိုင်း မြွေကျွန်းပေါ်ကို လာရောက်ချင်တဲ့ သိပ္ပံပညာရှင်တွေကို ရွေးချယ်ပြီးသာ ကျွန်းပေါ်တက်ရောက်ခွင့်ပေးပါတယ်။ ပညာရှင်တွေကတော့ မြွေကျွန်းပေါ်ကို လာရောက်ခွင့်ရတာဟာ အခွင့်ထူးကြီးတစ်ခုအဖြစ် မှတ်ယူနေကြပေမယ့် တံငါသည်တွေကတော့ ဒီလိုမယူဆပါဘူး။
တံငါသည်တစ်ဦးဟာဆိုရင် အခုလို ပြောပါတယ်။ “ကျွန်းပေါ်တက်တာက ကောင်းတာ မရှိဘူး။ လူသွားလို့ကောင်းတဲ့ နေရာမဟုတ်ဘူး။ အဲဒီမြွေကျွန်းပေါ်မှာ မိသားစုတစ်စုလုံး သေသွားခဲ့တဲ့ ဒဏ္႑ာရီတွေ ရှိတယ်။ တချို့လည်း ကျွန်းပေါ်မှာ ဓားပြတွေ မြှုပ်ထားတဲ့ ရတနာတွေရှိတယ်လို့ ပြောကြတယ်။ ဒီရတနာတွေကို မြွေတွေက ကာကွယ်ပေးနေတာတဲ့
မြွေကျွန်းဆိုတဲ့အတိုင်း မြွေတွေဟာ ကျွန်းပေါ်မှာ နေရာလပ်မကျန်အောင် ပွားများနေပုံရပါတယ်။ မြွေကျွန်းရဲ့ စတုရန်း၁မီတာတိုင်းမှာ golden lancehead မြွေပွေးတွေ သုံးကောင်ကနေ ငါးကောင်အထိ ရှိတယ်လို့ ဆိုတာကြောင့် ကြားရတာ ကျောချမ်းစရာကြီးပါ။ မြွေကျွန်းပေါ် တက်ရောက်လေ့လာခွင့်ရတဲ့ ပညာရှင်တစ်ဦးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၁,၀၀၀) တုန်းက ပင်လယ်ရေမျက်နှာပြင်မြင့်တက်ပြီး ပြန်ကျခဲ့ရာက ကျွန်းပေါ်မှာရှိတဲ့ မြွေမျိုးစိတ်တွေဟာ အခြားမျိုးစိတ်တွေနဲ့ မတူတော့ဘူးလို့ ဆိုခဲ့ပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ မြွေတွေဟာ အခြားဒေသတွေမှာရှိတဲ့ မျိုးနွယ်တူ မြွေထက် အဆိပ်(၅)ဆ ပိုပြင်းပြီး ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်အပြင်းတကာ့ အပြင်းဆုံးထိပ်တန်းမြွေ(၁၀) မျိုးထဲမှာ ပါ၀င်ကြောင်းလည်း သိရပါတယ်။
Credit_လင်းလင်း (ShweMom)
###TKB
Ref: Dailymail
Comments
Post a Comment