Posts

လူတွေသွားလာရန်တားမြစ်ထားသောမြွေကျွန်း

Image
ကြောက်မက်ဖွယ် ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေပေါင်း (၄) ထောင်နီးနီးရှိတဲ့ မြွေကျွန်း  မြွေကျွန်းဟာ နိုင်ငံခြားသားတွေအတွက် သွားလာချင်စရာကောင်းတဲ့ နေရာမဟုတ်ပါဘူး။ ကျွန်းဟာ ဆောင်းပိုလိုအနီး ဘရာဇီးကမ်းရိုးတန်းရဲ့ (၃၃) ကီလိုမီတာ အကွာမှာတည်ရှိပါတယ်။ ၄င်းကျွန်းက အန ္တရာယ်များလွန်းတဲ့အတွက် လူသားတွေကို မသွားရောက်ဖို့ တားမြစ်ထားပါတယ်။ ကျွန်းဟာ နာမည်အတိုင်းပဲ တစ်ကျွန်းလုံးမှာ မြွေတွေနဲ့ ပြည့်နှက်နေတာပါ။ မြွေဆိုးတွေ ပေါတဲ့အပြင် ထိမိလိုက်တာနဲ့ အသားကိုပါ လောင်စေနိုင်တဲ့ အဆိပ်ရှိတဲ့ golden lancehead မြွေပွေးတွေလည်း ရှိပါသေးတယ် ၄င်းကျွန်းမှာ မြွေကောင်ရေ(၄) ထောင်နီးနီးရှိပြီး မြွေတွေဟာ ကျွန်းပေါ်မှာရှိတဲ့ ငှက်တွေကို အစာအဖြစ် ဖမ်းယူစားသောက်ပါတယ်။ ဒေသခံအာဏာပိုင်တွေကတော့ နှစ်စဉ်နှစ်တိုင်း မြွေကျွန်းပေါ်ကို လာရောက်ချင်တဲ့ သိပ္ပံပညာရှင်တွေကို ရွေးချယ်ပြီးသာ ကျွန်းပေါ်တက်ရောက်ခွင့်ပေးပါတယ်။ ပညာရှင်တွေကတော့ မြွေကျွန်းပေါ်ကို လာရောက်ခွင့်ရတာဟာ အခွင့်ထူးကြီးတစ်ခုအဖြစ် မှတ်ယူနေကြပေမယ့် တံငါသည်တွေကတော့ ဒီလိုမယူဆပါဘူး။ တံငါသည်တစ်ဦးဟာဆိုရင် အခုလို ပြောပါတယ်။ “ကျွန်းပေါ်တက်တာက ကောင်းတာ မရှိဘူး...